နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ် (Mr. Maxim Ryzhenkov) တို့သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်အတွက် ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လက်ရှိတွင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်ကောင်းများ ထွက်ပေါ်နေသည့်အခြေအနေများကိုလည်း ဖလှယ်ခဲ့ကြသည်။
မြန်မာနှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ အကျိုးဖြစ်ထွန်းမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆွေးနွေး
Nov 28 • 4:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


