back

ဆီးဂိမ်း ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကိုမြန်မာက အိမ်ရှင်အဖြစ်လာမည့်နှစ်တွင်ကျင်းပမည်

Nov 28 • 4:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဆီးဂိမ်း ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကိုမြန်မာက အိမ်ရှင်အဖြစ်လာမည့်နှစ်တွင်ကျင်းပမည်

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိတယ်လို့ မြန်မာနိုင်ငံကာယဗလ နှင့်ကာယကြံ့ခိုင်မ...

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိတယ်လို့ မြန်မာနိုင်ငံကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရပါတယ်။၂၀၂၆ခုနှစ်၊မေလ(၁၄)ရက်မှ(၁၈)ရက်အထိရန်ကုန်မြို့၊မြန်မာကွန်ဗီးရှင်းစင်တာ မှာကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီပြိုင်ပွဲမကျင်းပခင် မြန်မာနိုင်ငံရဲ့ လက်ရွေးစင်အားကစားသမားတွေ ရွေးချယ်ဖို့ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ(၇)ရက်မှာ ‌ မြန်မာကွန်ဗီးရှင်းစင်တာမှာပဲလူရွေးချယ်ပွဲကျင်းပမှာဖြစ်လို့ ၂၀၂၄နဲ့ ၂၀၂၅ ဆီးဂိမ်းတွေမှာပထမဆုရထားသူတွေမှအပကျန်အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။



news-view-count-icon

42