back

ကြက်ငှက်တုပ်ကွေးဟာ ကိုဗစ် ထက်ပိုဆိုးတဲ့ ကပ်ရောဂါ ဖြစ်နိုင်တယ်လို့ သတိပေး

Nov 28 • 4:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကြက်ငှက်တုပ်ကွေးဟာ ကိုဗစ် ထက်ပိုဆိုးတဲ့ ကပ်ရောဂါ ဖြစ်နိုင်တယ်လို့ သတိပေး

တိရစ္ဆာန်ငှက်တွေ၊ အိမ်မွေးကြက်၊ ဘဲတွေနဲ့ နို့တိုက်သတ္တဝါတွေကြားမှာ ပြန့်ပွားနေတဲ့ ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်နိုင်အောင် ဗီဇပြောင်းလဲသွားမယ်ဆိ...

တိရစ္ဆာန်ငှက်တွေ၊ အိမ်မွေးကြက်၊ ဘဲတွေနဲ့ နို့တိုက်သတ္တဝါတွေကြားမှာ ပြန့်ပွားနေတဲ့ ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်နိုင်အောင် ဗီဇပြောင်းလဲသွားမယ်ဆိုရင် Covid-19 ကပ်ရောဂါထက် ပိုဆိုးရွားတဲ့ ကပ်ရောဂါအဖြစ် ဦးတည်သွားနိုင်တယ်လို့ ပြင်သစ် နိုင်ငံ Institut Pasteur ရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါစင်တာ အကြီးအကဲက ပြောပါတယ်။ H5 ငှက်တုပ်ကွေးကြောင့် လွန်ခဲ့တဲ့ နှစ်တွေအတွင်း ငှက်ကောင်ရေ သန်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့ရပြီး အစားအစာ ထောက်ပံ့မှု ပြတ်တောက်တာနဲ့ ဈေးနှုန်းမြင့်တက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။လူတွေမှာ H1 နဲ့ H3 လို ရာသီတုပ်ကွေးတွေအတွက် ခုခံအားတွေ ရှိကြပေမယ့် H5 ငှက်တုပ်ကွေးအတွက်တော့ ခုခံအားမရှိကြပါဘူး။ Covid-19 လို အားနည်းသူတွေ အဓိက ခံစားရတာမျိုးမဟုတ်ဘဲ ကျန်းမာသန်စွမ်းသူတွေနဲ့ ကလေးငယ်တွေကိုပါ ‌ေ-သဆုံးစေနိုင်တယ်လို့ Institut Pasteur က ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Marie-Anne Rameix-Welti က ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အစီရင်ခံစာအရ ၂၀၀၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ငှက်တုပ်ကွေးဟာ လူကူးစက်မှု ၁,၀၀၀ နီးပါးရှိခဲ့ပြီး အဲဒီထဲက ၄၈ ရာခိုင်နှုန်း ‌ေ-သဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒါပေမဲ့ လူအချင်းချင်း ကူးစက်ပြန့်ပွားမယ့် ကပ်ရောဂါအန္တရာယ်ကတော့ နည်းပါးနေဆဲဖြစ်ကြောင်း World Organisation for Animal Health က သိပ္ပံဌာနအကြီးအကဲ Gregorio Torres က Reuters ကို ပြောပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်ပေမယ့် လတ်တလောမှာတော့ ကြက်သားနဲ့ ကြက်ဥတွေကို စိတ်ချလက်ချ စားသုံးနိုင်ပြီး ကပ်ရောဂါဖြစ်နိုင်ခြေက ဖြစ်နိုင်ခြေ အလွန်နည်းပါးနေသေးတယ်လို့ သူက ဆိုပါတယ်။တကယ်လို့ ငှက်တုပ်ကွေးဟာ လူအချင်းချင်း ကူးစက်နိုင်တဲ့အထိ ဗီဇပြောင်းလဲသွားခဲ့မယ်ဆိုရင်တောင် ကမ္ဘာကြီးက Covid-19 မတိုင်ခင်ကထက်စာရင် ပိုပြီး ပြင်ဆင်မှု အားကောင်းနေပြီလို့ Marie-Anne Rameix-Welti က သုံးသပ်ပါတယ်။ ကာကွယ်ဆေးထုတ်လုပ်ဖို့ အသင့်ရှိနေသလို ဒီဗိုင်းရပ်စ်ကို ကုသနိုင်မယ့် ဗိုင်းရပ်စ်သတ်ဆေးတွေလည်း သိုလှောင်ထားပြီးသား ဖြစ်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။


news-view-count-icon

48