ပြည်တွင်း၌ဆန်ဈေးတည်ငြိမ်ရန် ဈေးနှုန်းမှန်ကန်စွာဖြင့် စားသုံးသူထံ အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင်ပြီးတိုက်ရိုက်ရောင်းဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရပါတယ်။ဆန်ကြမ်းဧည့်မထတစ်အိတ်(၂၄ပြည်)ကို (၅)သောင်း၊(၇)သောင်းခွဲတို့ဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။ဆန်ချော ဧရာဝတီပေါ်ဆန်း(နယ်စုံ)၊(ကြားပျံ)၊ရွှေဘိုပေါ်ဆန်းတို့ကို တစ်အိတ် လျှင် ကျပ်(၁)သိန်း(၁)သောင်းမှ(၁)သိန်း(၈)သောင်းအထိ ဆန်အမျိုးအစား အလိုက် ရောင်းချပေးဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ဝယ်ယူလိုသူတွေအနေနဲ့ ဆန်စပါးအသင်းချုပ် ၀၉၄၀၀၀၆၇၂၄၀၊ ၀၉၄၀၀၀၆ ၇၂၅၀၊ ၀၉၄၀၀၀၆၇၆၀သို့ဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။



