ဒီဇင်ဘာလထဲမှာ ြပည်တွင်း၌လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်နိုင်ပြီးအားကောင်း လာပါက မုန်တိုင်းငယ်ဖြစ်ကာမိုးရွာနိုင်သေးတယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ၄ ရက်မှ ၇ ရက်ခန့်နဲ့
နေပြည်တော်၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။မြူထူဆိုင်းမည့်ရက်ရှည်လာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၅ ရက်ခန့်နဲ့ နေပြည် တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ၆ ရက်မှ ၁၅ ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်တယ်လို့ သိရပါတယ်။



