ထိုင်းနိုင်ငံ၊ဟက်ယိုင်ရေကြီးမှုမှာ ပိတ်မိနေခဲ့တဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်ကို လိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်မှုတွေပေးပြီး Prince of Songkla University က မြန်မာ ကျောင်းသားတွေအပါအဝင် နိုင်ငံတကာ ကျောင်းသား စေတနာ့ဝန်ထမ်း ၁၅ ဦးအဖွဲ့က ကူညီပေးခဲ့ပါတယ်။ အဖွဲ့ထဲမှာ မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ သီရိလင်္ကာအပြင် နိုင်ငံစုံက ကျောင်းသားတွေပါဝင်ပြီး အင်တိုက်အားတိုက် ကူညီခဲ့ကြတာ ဖြစ်ပါသည်။


