ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့များရှိ အာခါရွာများတွင် နှစ်စဉ် အလှည့်ကျကျင်းပလျက်ရှိပါတယ်။ ရဲခူအဖွေ (ခေါ်) အာခါဒါန်းစီးပွဲတော်ဟာ အာခါတိုင်းရင်းသားများအတွက် အထွတ်အမြတ်ထားရာနှင့် အလေးထားရာပွဲတော်တစ်ခုဖြစ်ပါတယ်။အာခါတိုင်းရင်းသားများဟာ တောင်ပေါ် ဒေသနေလူမျိုးစုဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုး ရေးစနစ်ကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့ကြပြီး မိမိတို့ရဲ့လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးပြီးတဲ့အခါ ညီညွှတ်ခြင်း၊ အေးချမ်းခြင်းနဲ့ စားရေရိက္ခာဖူလုံကြွယ်ဝစွာရရှိစေဖို့ရည်ရွယ်ပြီး ရိုးရာ ဒါန်းစီးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်းသိရပါတယ်။ စိုက်ထူထားတဲ့ ဒါန်းတော်ကို ပျော်ရွှင်စွာစီးနင်းပြီး မိမိတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်ခြင်းလည်းဖြစ်ပါတယ်။
Nov 28 • 3:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 59 | 0 | 0 | 0 |


