back

ရခိုင်ဒေသတွင် ဆေးရွက်ကြီးစိုက်ပျိုးသူများ ဝယ်လိုအားနည်းလို့ အခက်ကြုံနေရ

Nov 28 • 3:51 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ဒေသတွင် ဆေးရွက်ကြီးစိုက်ပျိုးသူများ ဝယ်လိုအားနည်းလို့ အခက်ကြုံနေရ

ရခိုင်ဒေသအတွင်း စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဆေးရွက်ကြီးစိုက်ပျိုးရေးလုပ်ငန်းမှာ ဈေးကွက်မရှိသည့်အပြင် ဝယ်လိုအားလည်း နည်းပါးသဖြင့် အခက်ကြုံတွေ့နေရကြောင်း တောင်သူမျ...

ရခိုင်ဒေသအတွင်း စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဆေးရွက်ကြီးစိုက်ပျိုးရေးလုပ်ငန်းမှာ ဈေးကွက်မရှိသည့်အပြင် ဝယ်လိုအားလည်း နည်းပါးသဖြင့် အခက်ကြုံတွေ့နေရကြောင်း တောင်သူများက ပြောကြသည်။ပြီးခဲ့သည့်နှစ်က ဆေးရွက်ကြီး တစ်ပိဿာကို ငွေကျပ် ၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့ကာ ဝယ်လိုအားလည်း မြင့်တက်ခဲ့သည်။ယခုနှစ်တွင် ဆေးရွက်ကြီး တစ်ပိဿာ ကို ငွေကျပ် ၂၀,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၅၀,၀၀၀ ကျပ်ခန့်ရှိ နေသော်လည်း ဝယ်ယူသူများရှိသည့်အတွက် အဆင်မပြေဖြစ်နေကြောင်း ကျောက်တော်မြို့နယ်မှ ဆေးရွက်ကြီးစိုက်တောင်သူတစ်ဦးက ပြောသည်။ယခုအခါ ဆေးရွက်ကြီးသောက်သုံးသူ နည်းပါးလာသည့်အပြင် တစ်ဖက်တွင်လည်း ပြည်မဖြစ် ဆေးပေါ့လိပ်နှင့် စီးကရက်များကို သုံးစွဲမှုများလာသဖြင့် ရခိုင်ဆေးရွက်ကြီးလုပ်ငန်းမှာ ကျဆင်းလာနေတာ ဖြစ်ပါသည်။

news-view-count-icon

34