မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းနင်မြို့၌ ပွင့်လင်းကောင်းမွန်သော ရာသီဥတုရောက်ရှိ၍လာသည်။ ဆောင်းရာသီ၏ နွေးထွေးသောနေရောင်ခြည်အောက်တွင် နန်းနင်မြို့ ချင်းရှို့ဆန်းရှုခင်းသာဧရိယာ ချိုးရှီပန်းခြံ၌ ဖူးပွင့်လျက်ရှိသော ပန်းများမှာ အထူးပင် စိုပြည်လှပနေပေသည်။ ထို့အပြင် လာရောက်လည်ပတ်ကြသူများလည်း များပြားနေပါသည်။



