ရန်ကုန်တက္ကသိုလ်နှင့် Belarusian State University of Informatics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု Letter of Agreement (LoA) ကို နိုဝင်ဘာ (၂၇) ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တိုနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University (BSU) ၊ Bela-rusian State University of Infor-matics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံတက္ကသိုလ်များအကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။အဆိုပါ တွေ့ဆုံမှုကို Bela-rusian State University (BSU) မှ ပါမောက္ခချုပ် Andrei Karol ၊ Belarusian State University of Informatics and Radioelectro-nics (BSUIR) မှ ပါမောက္ခချုပ် Vadim Bogush တို့နှင့်အတူ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။



