back

ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပေါ်တူဂီအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

Nov 28 • 2:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပေါ်တူဂီအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းက သြစတြီးယားအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆ...

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းက သြစတြီးယားအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ(၃)ကနေ (၂၇)ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းက အုပ်စုအဆင့်မှာ ဂျပန်ရဲ့နောက် ဒုတိယနေရာသာရရှိခဲ့ပေမဲ့ (၃၂)သင်းအဆင့်မှာ ဘယ်လ်ဂျီယံ၊ (၁၆)သင်းအဆင့်မှာ မက္ကဆီကို၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်၊ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်၊ ဗိုလ်လုပွဲမှာ သြစတြီးယားတို့ကို အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဆု ရယူခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား မားတီးယပ်စ်မီဒီက ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ပေါ်တူဂီဂိုးသမား ရိုမာရီယိုကွန်ညာက ရရှိခဲ့ပေမဲ့ ဂိုးသွင်းအများဆုံးဆုကိုတော့ (၈)ဂိုးသွင်းခဲ့တဲ့ သြစတြီးယားတိုက်စစ်မှူး ဂျိုဟန်နက်စ်မိုဆာက ရရှိခဲ့ပါတယ်။


news-view-count-icon

32