back

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယအသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ဒေးဗစ်လူးဝစ်ဇ် မှတ်တမ်းဝင်ခဲ့

Nov 28 • 2:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယအသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ဒေးဗစ်လူးဝစ်ဇ် မှတ်တမ်းဝင်ခဲ့

ဆိုက်ပရပ်စ်ကလပ် ပါဖို့စ်အသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က မိုနာကိုအသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူပြီး မှတ်တမ်းဝင်ခဲ့တာပါ။ အသက် ၃၈ နှစ်အရ...

ဆိုက်ပရပ်စ်ကလပ် ပါဖို့စ်အသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က မိုနာကိုအသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူပြီး မှတ်တမ်းဝင်ခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် ဒေးဗစ်လူးဝစ်ဇ်ကပွဲချိန် ၁၈ မိနစ်မှာ ပါဖို့စ်အသင်းအတွက် ပထမချေပဂိုးကိုခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူက ပီပီဖြစ်ပြီး အသက် ၄၀ နှစ်၊ ၂၉၀ ရက်နဲ့စံချိန်တင်ထားတာပါ။ဒေးဗစ်လူးဝစ်ဇ်က ၂၀၁၇ ခုနှစ်မှာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုးပိုင်ဆိုင်ပြီးနောက် အခုမှပြန်လည်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

news-view-count-icon

39