မန္တလေးတိုင်း၊ အမရပူရမြို့က နာမည်ကျော်စာသင်တိုက်ဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျောင်းနေ ရဟန်းသာမဏေတွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ဆရာတော်ကြီးတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။အမရပူရမြို့က မဟာဂန္ဓာရုံကျောင်းတိုက်မှာ အစားအသောက်တွေကို အချိန်အခါမဟုတ် ဝယ်ယူစားသုံးတဲ့ ရဟန်းသာမဏေတွေကို ထိရောက်စွာ အရေးယူမယ်လို့ ကျောင်းတိုက်က ဆရာတော်ကြီးတွေက နိုဝင်ဘာ ၂၅ ရက်က အမိန့်ထုတ်ပါတယ်။ဝယ်စားတဲ့ ရဟန်းသာမဏေတွေတင်မကဘဲ ရောင်းချသူတွေကိုပါ ထိရောက်စွာ အရေးယူမယ်လို့ ဆရာတော်ကြီးတွေက ဆိုပါတယ်။ ဓမ္မစက်နဲ့ မလိုက်နာပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး အာဏာစက်ဖြင့် ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
မန္တလေးတိုင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်က သံဃာတော်တွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ပြောကြား
Nov 28 • 2:03 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 17 | 0 | 0 | 0 |


