မြန်မာနိုင်ငံတွင်း အသစ်ပြန်လည်ဖွင့်လှစ်လိုက်တဲ့ စိုက်ပျိုးရေးအထက်တန်းကျောင်းတွေမှာ ပေါက်တူးနဲ့ စက်ကိရိယာအပါအဝင် သင်ထောက်ကူပစ္စည်းတွေ မပြည့်စုံမှုကြောင့် စိုက်ပျိုးရေးပညာသင်ကြားသူတွေ အခက်အခဲဖြစ်ပြီး သင်ကြားရေးမှာနှောင့်နှေးနေပါတယ်။စိုက်ပျိုးရေးအထက ဆရာမတယောက်က “ပျိုးအိတ်တွေလိုတယ်၊ အဓိကကတော့ မျိုးပေါ့နော်။ မျိုးတွေမရှိဘူး။ နောက်တခုက ပစ္စည်းတွေဘာတွေလိုလဲဆိုရင် အဲပေါက်ပြားတွေ၊ တူရွင်းတွေလည်း အရေတွက်တွေ အများကြီးလိုတယ်ရှင့်။ အဓိကကတော့မျိုးပါပဲ။ စမ်းရမယ့် မျိုးတွေရဲ့ ကုန်ကျစရိတ် အဲ့ဒါတွေလိုတယ်။ နောက်ပြီးတော့ ကလေးတွေမှာ လယ်ယာပစ္စည်းတွေသုံးတဲ့အခါမှာ ထွန်စက်တွေ ဘာတွေ၊ စက်မှုလယ်ယာ ယူဖို့က အခက်အခဲ ဖြစ်နေပါတယ်။"ဟုပြောပါသည်။တနိုင်ငံလုံးမှာ စိုက်ပျိုးရေး အထကကျောင်းပေါင်း ၈၉ ကျောင်းဖွင့်လှစ်ထားပြီး ၉ တန်းအောင်မြင်ပြီးပါက ဆက်လက်သင်ကြားရမယ့် အခြေခံပညာနဲ့အတူ စိုက်ပျိုးရေးပညာကိုပါ တွဲဖက်သင်ကြားပေးတာ ဖြစ်ပါတယ်။ 
Nov 28 • 2:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


