back

ကွယ်လွန်သူ လီဗာပူးတိုက်စစ်ကစားသမားဟောင်း ဂျိုတာ၏ သမီးငယ်လေး တစ်နှစ်ပြည့်မွေးနေ့

Nov 28 • 1:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကွယ်လွန်သူ လီဗာပူးတိုက်စစ်ကစားသမားဟောင်း ဂျိုတာ၏ သမီးငယ်လေး တစ်နှစ်ပြည့်မွေးနေ့

ကွယ်လွန်သူ လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း ဂျိုတာ၏ အငယ်ဆုံးသမီးလေးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အသက်တစ်နှစ်ပြည့်ခဲ့ကြောင်း သိရသည်။ ဂျိုတာ၏ ဇနီးဖြစ်သူက သမီးလေး...

ကွယ်လွန်သူ လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း ဂျိုတာ၏ အငယ်ဆုံးသမီးလေးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အသက်တစ်နှစ်ပြည့်ခဲ့ကြောင်း သိရသည်။ ဂျိုတာ၏ ဇနီးဖြစ်သူက သမီးလေး၏ ပထမဆုံးမွေးနေ့အမှတ်တရအဖြစ် ဂျိုတာနှင့် သမီးလေးတို့ အတူရှိခဲ့သည့် ဓာတ်ပုံ ၆ ပုံအပါအဝင် ဓာတ်ပုံ ၁၆ ပုံကို Instagram တွင် ဝေမျှခဲ့ရာ မြင်ရသူအပေါင်းကို ဆွေးမြေ့စေခဲ့ပြီး ပရိသတ်များ၏ အလွမ်းစာများကိုလည်း မြင်တွေ့ခဲ့ရသည်။ ဂျိုတာသည် သားနှစ်ဦးနောက်မှ သမီးလေးကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းချစ်ရသော မိသားစု၊ ဘောလုံးလောကနှင့် ပရိသတ်များကို ချန်ရစ်ကာ လေးလကြာမြင့်ခဲ့ပြီဖြစ်သည်။

news-view-count-icon

28