back

ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်ကျောင်း၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

Nov 28 • 1:31 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်ကျောင်း၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီအချိန်က ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း ယာယီခန်းမတွင် ပြုလုပ်ခဲ့သည်။ယခုသင်တန်းကို နိုင်ငံခြားမှ တင်သွင်းလာသည့် လူသုံးကုန်ပစ္စည်းများအစား ပြည်တွင်းဖြစ်များဖြင့် အစားထိုးနိုင်ရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ပြောကြားခဲ့သည်။ သင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ခေါင်းလျှော်ဆပ်ပြာရည် အပါအဝင် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း (၁၅) မျိုးကို သင်ကြားပို့ချမည်ဖြစ်ပြီး၊ သင်တန်းသား/သူ ၂၀ ဦးဖြင့် နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17