back

စစ်ကိုင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရန် ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် အခမဲ့ စာအုပ်ငှားရမ်းပေး

Nov 28 • 1:29 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရန် ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် အခမဲ့ စာအုပ်ငှားရမ်းပေး

စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းနှင့် ဝန်ထမ်းများက ယနေ့ နိုဝင်ဘာ ၂၇ ...

စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းနှင့် ဝန်ထမ်းများက ယနေ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ) တွင် ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသစာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အဆိုပါကျောင်း၌ အပတ်စဉ် ကြာသပတေးနေ့တိုင်း နဝမတန်းနှင့် သောကြာနေ့တိုင်း ဒဿမတန်း ကျောင်းသား၊ ကျောင်းသူများအား စာအုပ်များ ငှားရမ်းပေးလျက်ရှိပြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင်လည်း ဤစနစ်ဖြင့် အပတ်စဉ် သွားရောက်ဖွင့်လှစ်ကာ အခမဲ့ ငှားရမ်းပေးနေကြောင်း သိရသည်။

news-view-count-icon

13