back

မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၉ နိုင်ငံကို ထုတ်ပေးခဲ့သော Green Card အားလုံးကို အမေရိကန် ပြန်လည်စစ်ဆေးမည်

Nov 28 • 1:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၉ နိုင်ငံကို ထုတ်ပေးခဲ့သော Green Card အားလုံးကို အမေရိကန် ပြန်လည်စစ်ဆေးမည်

ထရမ့်အစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများကို တင်းကျပ်မှု မြှင့်တင်လာသည်နှင့်အမျှ နိုင်ငံ ၁၉ နိုင်ငံမှ နိုင်ငံသားများအား ထုတ်ပေးခဲ့သော Green Card အားလုံးက...

ထရမ့်အစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများကို တင်းကျပ်မှု မြှင့်တင်လာသည်နှင့်အမျှ နိုင်ငံ ၁၉ နိုင်ငံမှ နိုင်ငံသားများအား ထုတ်ပေးခဲ့သော Green Card အားလုံးကို အမေရိကန်က ပြန်လည်စစ်ဆေး‌တော့မည်ဖြစ်သည်။

ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (National Guard) နှစ်ဦး သေနတ်ပစ်ခံရပြီးနောက် အမေရိကန်အစိုးရအဖွဲ့မှ ၎င်း၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုကို အရှိန်မြှင့်တင်လိုက်ရာ သမ္မတ ဒေါ်နယ်ထရန့်၏ ညွှန်ကြားချက်အရ “စိုးရိမ်ရသော” နိုင်ငံ ၁၉ နိုင်ငံမှ လူများအား ထုတ်ပေးခဲ့သည့် Green Card အားလုံးကို ပြန်လည်စစ်ဆေး‌ခြင်းဖြစ်သည်။

အမေရိကန်သမ္မတကြီးရဲ့ ညွှန်ကြားချက်အရ စိုးရိမ်ရတဲ့ နိုင်ငံတိုင်းက နိုင်ငံခြားသားတိုင်းအတွက် ထုတ်ပေးထားတဲ့ Green Card တစ်ခုချင်းစီကို အပြည့်အဝ၊ တင်းကျပ်စွာ ပြန်လည်စစ်ဆေးဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်” ဟု အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (US Citizenship and Immigration Services) ၏ ဒါရိုက်တာ Joe Edlow က ကြာသပတေးနေ့တွင် X ရှိ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

အဆိုပါ ၁၉ နိုင်ငံမှာ အက္ခရာစဉ်လိုက်အရ အာဖဂန်နစ္စတန်၊ ဘားမား (မြန်မာ)၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယယ်ရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ဖြစ်ကြသည်။မိမိတို့ အစိုးရအဖွဲ့သည် ယခင်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်တွင် အတည်ပြုခဲ့သည့် ခိုလှုံခွင့် (Asylum) အမှုတွဲများအားလုံးကိုလည်း ပြန်လည်စစ်ဆေးနေကြောင်း USCIS ကို ကြီးကြပ်ကွပ်ကဲသော ပြည်တွင်းလုံခြုံရေးဦးစီးဌာန (Department of Homeland Security - DHS) က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။လုံခြုံရေးနဲ့ စစ်ဆေးအတည်ပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထပ်မံသုံးသပ်စစ်ဆေးနေတဲ့အတွက် အာဖဂန်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တောင်းဆိုမှုများအားလုံးကို ချက်ချင်းအကျိုးသက်ရောက်မှုရှိစေရန် အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါတယ်” ဟု DHS ၏ လက်ထောက်အတွင်းဝန် Tricia McLaughlin က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး “Trump အစိုးရအဖွဲ့ဟာ ဘိုင်ဒင်အစိုးရအဖွဲ့လက်ထက်မှာ အတည်ပြုခဲ့တဲ့ ခိုလှုံခွင့်အမှုတွဲများအားလုံးကိုလည်း အမြန်ဆုံး ပြန်လည်သုံးသပ်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးအား သေနတ်ဖြင့်ပစ်သူမှာ အာဖဂန်နိုင်ငံသား Rahmanullah Lakanwal ဖြစ်သည်ဟု ဖော်ထုတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရအဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ရန် အရှိန်မြှင့်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။


news-view-count-icon

38