back

Miss Universe ပူးတွဲပိုင်ရှင် Raúl Rocha မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများဖြင့် တရားစွဲဆိုခံရ

Nov 28 • 1:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

Miss Universe ပူးတွဲပိုင်ရှင် Raúl Rocha မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများဖြင့် တရားစွဲဆိုခံရ

Miss Universe Organization ၏ ဥက္ကဋ္ဌနှင့် ပူးတွဲပိုင်ရှင်ဖြစ်သူ Raúl Rocha ကို မူးယစ်ဆေးဝါး၊ လက်နက်နှင့် လောင်စာဆီ မှောင်ခိုရောင်းဝယ်မှုများဖြင့် မက္ကဆီကိုရှေ့န...

Miss Universe Organization ၏ ဥက္ကဋ္ဌနှင့် ပူးတွဲပိုင်ရှင်ဖြစ်သူ Raúl Rocha ကို မူးယစ်ဆေးဝါး၊ လက်နက်နှင့် လောင်စာဆီ မှောင်ခိုရောင်းဝယ်မှုများဖြင့် မက္ကဆီကိုရှေ့နေချုပ်ရုံး (FRG) က တရားစွဲဆိုထားကြောင်း Reuters သတင်းက ဖော်ပြသည်။ မက္ကဆီကို စုံစမ်းစစ်ဆေးသူများက Rocha ကို ဂွာတီမာလာမှ မက္ကဆီကိုသို့ ကုန်ပစ္စည်းများ မှောင်ခိုတင်သွင်းသည့် ရာဇဝတ်အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် ယူဆထားသည်။ Reforma သတင်းဌာန၏ ထုတ်ပြန်ချက်အရ မက္ကဆီကိုစုံစမ်းစစ်ဆေးသူများသည် Rocha ၏ ပုဂ္ဂလိကနေအိမ်များစွာကို ဝင်ရောက်စီးနင်းရာတွင် ရာဇဝတ်အဖွဲ့အစည်းများကို ပေးအပ်သည့် ငွေကြေးထောက်ပံ့မှုများစွာကို တွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည်။ အရှုပ်တော်ပုံများ ပြည့်နှက်နေသည့် Miss Universe ၂၀၂၅ အလှမယ်ပြိုင်ပွဲအပြီး ရက်အနည်းငယ်အကြာတွင် တရားစွဲဆိုခံရခြင်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် Rocha ကို ပြီးခဲ့သည့် ဩဂုတ်လကတည်းက ဖမ်းဝရမ်းတစ်ခု တောင်းဆိုခဲ့ဖူးကြောင်းလည်း သိရသည်။

news-view-count-icon

22