အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်၌ ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အသင်း၏ အားထားရသော တောင်ပံကစားသမား လီယွန်ဒရို ထရော့ဆက် (Leandro Trossard) သည် ပွဲချိန် ၃၈ မိနစ်တွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ ထရော့ဆက်သည် ယခုရာသီတွင် အသင်းအတွက် ၁၅ ပွဲ၌ ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားသည့် ပုံစံကောင်းပြနေသူဖြစ်သည်။ ဒဏ်ရာရရှိမှုကြောင့် ၎င်းအား တောင်ပံကစားသမား မာဒူကီနှင့် လူစားလဲလှယ်ခဲ့ရပြီးနောက် ကုသမှုခံယူရန် အဝတ်လဲခန်းသို့ ဝင်ရောက်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် ဒဏ်ရာ မပြင်းထန်ရန် နည်းပြအာတီတာက မျှော်လင့်နေသည်။ သို့သော်လည်း ဘိုင်ယန်နှင့်ပွဲတွင် လူစားဝင်ကစားသမားများဖြစ်သည့် မာဒူကီနှင့် မာတင်နယ်လီတို့ သွင်းဂိုးများရရှိခဲ့ခြင်းက နည်းပြအတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး၊ တိုက်စစ်ကစားသမားများဖြစ်သည့် ယိုခရက်စ်၊ ဟာဗက်ဇ်နှင့် ဂျီးဆပ်တို့မှာမူ ဆက်လက်ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။
Nov 28 • 1:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


