back

ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဦးစားပေးကဏ္ဍများကို မြှင့်တင်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာသံအမတ်ကြီး UNIDO ညီလာခံ၌ ပြောကြား

Nov 28 • 1:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဦးစားပေးကဏ္ဍများကို မြှင့်တင်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာသံအမတ်ကြီး UNIDO ညီလာခံ၌ ပြောကြား

ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိ...

ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအပါအဝင် စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် ဦးစားပေးကဏ္ဍများကို အလေးထားမြှင့်တင် ဆောင်ရွက်နေကြောင်း ဆော်ဒီအာရေဗျနိုင်ငံတွင် နိုဝင်ဘာ ၂၃ မှ ၂၇ ရက်အထိ ကျင်းပသည့် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) ၏ (၂၁) ကြိမ်မြောက် အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။ သံအမတ်ကြီးက ရာသီဥတုဒဏ်ခံနိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကိုလည်း အားပေးဆောင်ရွက်နေကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးကိုအခြေခံသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ထုတ်လုပ်မှု တိုးတက်စေရေးအတွက် UNIDO နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအား အကူအညီများ ပေးအပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

news-view-count-icon

19