မြန်မာစာပေလောကတွင် ထင်ရှားသော ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၏ ဈာပနအခမ်းအနားကို ဆရာကြီး ကွယ်လွန်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရေဝေးသုဿာန်၌ ကျင်းပပြုလုပ်ခဲ့သည်။ ဆရာကြီးသည် အသက် (၉၀) နှစ်အရွယ်၊ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီ ၅၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ဆရာကြီး၏ မိဘများသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာမှ အဖ တိုင်းရင်းသမားတော်ကြီး ဦးဓနနှင့် အမိ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့ ဖြစ်သည်။ ဆရာကြီးသည် "မြန်မာ့ဇာတ်သဘင်သမိုင်း" ဖြင့် အနုပညာစာပေတတိယဆုနှင့် "မြန်မာ့ရုပ်စုံသဘင်" ဖြင့် အမျိုးသားစာပေဒုတိယဆု အပါအဝင် မြန်မာစာပေဆိုင်ရာ စာအုပ်များစွာကို ပြုစုထုတ်ဝေခဲ့သူဖြစ်သည်။


