back

ရှမ်းပြည်နယ် မိုင်းနောင်မြို့အနီး အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူ ၃၄ ဦး လက်နက်များနှင့် ဖမ်းဆီးရမိ

Nov 28 • 1:24 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် မိုင်းနောင်မြို့အနီး အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူ ၃၄ ဦး လက်နက်များနှင့် ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး နောင်တောက်ကျေးရွာ ဝန်းကျင်၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တ...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး နောင်တောက်ကျေးရွာ ဝန်းကျင်၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦး စုစုပေါင်း ၃၄ ဦးကို ဆက်စပ်ပစ္စည်းများ၊ သေနတ် ၅ လက်နှင့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်နေ့များအတွင်း နယ်မြေရှင်းလင်းစဉ် နောင်တောက်၊ ကောင်းဟိုင်းနှင့် ဝမ်ကျောင်းကျေးရွာအနီးတစ်ဝိုက်ရှိ ယာယီအဆောက်အအုံများ၊ မိုးကာတဲများ၊ STARLINK ၁ လုံး၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်တစ်စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စိစစ်ဖော်ထုတ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်မည့်အပြင် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာမှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

15