back

ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ် (WMO) က အာရှဒေသ ရေကြီးမှုဒဏ် ခံစားရနိုင်ခြေ မြင့်မားနေကြောင်း သတိပေး

Nov 28 • 1:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ် (WMO) က အာရှဒေသ ရေကြီးမှုဒဏ် ခံစားရနိုင်ခြေ မြင့်မားနေကြောင်း သတိပေး

ကမ္ဘာ့ မိုးလေဝသအဖွဲ့အစည်း (WMO) က အာရှဒေသသည် ကမ္ဘာကြီးပူနွေးလာမှု၏ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး မုန်တိုင်းနှင့် ရုတ်တရက် ရေကြီးမှုများအတွက် ကြိုတင်ပြင်ဆင်ထ...

ကမ္ဘာ့ မိုးလေဝသအဖွဲ့အစည်း (WMO) က အာရှဒေသသည် ကမ္ဘာကြီးပူနွေးလာမှု၏ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး မုန်တိုင်းနှင့် ရုတ်တရက် ရေကြီးမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် သတိပေးချက် ထုတ်ပြန်လိုက်သည်။ WMO ၏ အစီရင်ခံစာအရ အာရှဒေသ၏ အပူချိန်မြင့်တက်နှုန်းသည် ကမ္ဘာ့ပျမ်းမျှနှုန်းထက် နှစ်ဆနီးပါး မြန်ဆန်နေပြီး ၂၀၂၄ ခုနှစ်သည် ဒုတိယ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။ဤသို့ အပူချိန်မြင့်တက်လာမှုကြောင့် အပူလှိုင်းဖြတ်ခြင်း၊ ပြင်းထန်သော မုန်တိုင်းများ၊ ဟိမဝန္တာမှ ရေခဲမြစ်များ လျင်မြန်စွာ အရည်ပျော်ကျခြင်းနှင့် ရုတ်တရက် ရေကြီးမှုများ ပိုမိုဖြစ်ပွားနေသည်။ အထူးသဖြင့် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာများတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက် ပိုများနေသောကြောင့် ကမ်းရိုးတန်းနေ ပြည်သူသန်းပေါင်းများစွာ ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ WMO ၏ ညွှန်ကြားရေးမှူး Stefan Uhlenbrock က ရုတ်တရက်ရေကြီးခြင်းသည် ရေဘေးကြောင့် သေဆုံးမှုအားလုံး၏ ၈၅ ရာခိုင်နှုန်းအထိ ရှိပြီး နှစ်စဉ် ဒေါ်လာ ၅၀ ဘီလီယံကျော် ဆုံးရှုံးစေနိုင်ကြောင်း ပြောကြားခဲ့သည်။ 

news-view-count-icon

35