back

ထိုင်းနိုင်ငံ ပတ္တရား၌ ၂၀၂၅ နိုင်ငံတကာ မီးရှူးမီးပန်းပွဲတော်ကို နိုဝင်ဘာ ၂၈-၂၉ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Nov 28 • 1:12 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ပတ္တရား၌ ၂၀၂၅ နိုင်ငံတကာ မီးရှူးမီးပန်းပွဲတော်ကို နိုဝင်ဘာ ၂၈-၂၉ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့ Central Pattaya Beach တွင် နိုဝင်ဘာလ ၂၈ ရက် (သောကြာနေ့) နှင့် ၂၉ ရက် (စနေနေ့) ပိတ်ရက်များ၌ Pattaya International Fi...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့ Central Pattaya Beach တွင် နိုဝင်ဘာလ ၂၈ ရက် (သောကြာနေ့) နှင့် ၂၉ ရက် (စနေနေ့) ပိတ်ရက်များ၌ Pattaya International Fireworks Festival 2025 ကို ကျင်းပမည်ဖြစ်သည်။ ယခုနှစ်ပွဲတော်ကို မယ်တော်ကြီး သီရိခေတ်ကို ဂုဏ်ပြုသောအားဖြင့် "The Light of Eternal Loyalty" ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး၊ နိုင်ငံအများအပြားမှ လှပသော မီးရှူးမီးပန်း ဖျော်ဖြေပွဲများ၊ ရိုမန်းတစ်ဆန်သည့် ကမ်းခြေမြင်ကွင်းများ၊ Live ဂီတဖျော်ဖြေပွဲများနှင့် ပွဲတော်ဆိုင်ခန်းများ ပါဝင်မည်ဖြစ်သည်။မီးရှူးမီးပန်းများ စတင်မည့်အချိန်မှာ နှစ်ရက်စလုံး ည ၇ နာရီ ၄၅ မိနစ် ဖြစ်သည်။ ပွဲတော်ကာလအတွင်း ညနေ ၄:၀၀ နာရီခန့်မှစ၍ လမ်းအချို့ကို ပိတ်ထားမည်ဖြစ်သည်။

news-view-count-icon

18