ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဝိုင်ဖိုင်(WIFI)လိုင်း များသည် လိုင်းဆွဲအားနှေးကွေးခြင်း၊ သုံးမရသည်အထိ ပြတ်တောက်ခြင်း ပိုမိုဆိုးရွာလာသဖြင့် အွန်လိုင်းလုပ်ငန်းနှင့် သင်တန်းတက်ရောက်နေသူများ အခက်အခဲ ကြုံတွေ့ နေရ ကြောင်းဒေသခံဆီများမှသိရပါသည်။ဝိုင်ဖိုင်(WIFI)လိုင်းအားမကောင်းသဖြင့် Facebook အပြင် VPN ချိတ်သုံးရသည် application များ ညခင်းပိုင်းအချိန်တွင် VPN ချိတ်ဆက်၍ မရသည့်အထိ လိုင်းအားကျနေကြောင်းသိရပါသည်။ရှမ်းပြည်နယ်အပါအဝင် ကျန်မြို့နယ်များတွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တာနက်လိုင်း အသုံးပြုမှု အခြေအနေသည့်အဆင်မပြေသည် ပြဿနာများမကြာခဏဖြစ်နေကြောင်းနှင့် မြို့နယ်တချို့ကိုလည်း အင်တာနက်လိုင်း ပိတ်ထားမှု တွင်ရှိ ကြောင်းသိရပါသည်။



