မွန်နှင့် ကရင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေအရ ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် လူနာတင်ယာဉ်ပေါ်တွင် တင်ဆောင်ခွင့် ရပ်နားထားရကြောင်း မွန်နှင့် ကရင်ပြည်နယ် လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို စတင်နှိမ်နင်းချိန်မှစ၍ ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများသည် လူနာ (သို့မဟုတ်) လူနာစောင့်ကဲ့သို့ လူနာတင်ယာဉ်နှင့် သွားလာနေခြင်းကြောင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။



