back

ပဲခူးက လုယက်သတ်ဖြတ်ခဲ့သူ အမျိုးသား ၃ ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းသတ်စေရန် အမိန့်ချမှတ်

Nov 27 • 12:44 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးက လုယက်သတ်ဖြတ်ခဲ့သူ အမျိုးသား ၃ ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းသတ်စေရန် အမိန့်ချမှတ်

ပဲခူးမြို့ မြသီတာကျေးရွာ ဗားမဲ့ဘုန်းကြီးကျောင်းနားမှာ အမျိုးသားတစ်ဦးကို ဝိုင်းဝန်းသတ် ဖြတ်ကာ ပစ္စည်း လုယက်ခဲ့သူ အမျိုးသား ၃ ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းသတ်...

ပဲခူးမြို့ မြသီတာကျေးရွာ ဗားမဲ့ဘုန်းကြီးကျောင်းနားမှာ အမျိုးသားတစ်ဦးကို ဝိုင်းဝန်းသတ် ဖြတ်ကာ ပစ္စည်း လုယက်ခဲ့သူ အမျိုးသား ၃ ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းသတ်စေရန် အမိန့်ချမှတ်လိုက်‌ပါတယ်။သေဆုံးသူမှာ ပဲခူးမြို့ ဥဿာမြို့သစ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းသွယ်မှာ နေထိုင်သူ အသက် ၄၃နှစ် အရွယ် ဦးတင်နိုင်စိုး ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာတွေ သေဆုံးနေတာကို တွေ့ရှိရလို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။

သေဆုံးသူ လက်ကိုင်ဖုန်းက တဆင့် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူ မျိုးမင်းပိုင် ကို ဖမ်းဆီးရမိ ခဲ့ပြီး မျိုးမင်းပိုင် ဖော်ထုတ်ချက်အရ အတူ ပူးပေါင်းကျူးလွန်သူ အောင်အောင် (ခ)အောင်မျိုးမင်း နဲ့ ဝင်းကျော် တို့(၂)ဦး ကို ထပ်မံဖမ်းဆီးရမိခဲ့‌တဲ့ အမှုဖြစ်ပါတယ်။

လူသတ်လုယက်မှု ကျူးလွန်သူများကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ ပဲခူးခရိုင်တရားရုံးကို တရားစွဲတင်ပို့ခဲ့ရာ ၂၀၂၅ခုနှစ် နိုဝင်ဘာ ၂၇ရက် ပဲခူးခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မှာတော့ တွဲဖက်ခရိုင်တရားရုံးမှ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်လိုက်ပါတယ်။





news-view-count-icon

32