ကရင်ပြည်နယ်၊ မြဝတီမြို့တွင်တရားမဝင် လိုင်စင်မဲ့ယာဉ်များ ရောင်းဝယ်ရေး စိစစ်ရေးအဖွဲ့များမှ TitTok လူမှုကွန်ယက်စာမျက်နှာ၌ @Naungminsatt အကောင့်ဖြင့် လိုင်စင်မဲ့ယာဉ်များပြသကာ အရောင်းအဝယ်ပြုလုပ်နေခြင်းကို တွေ့ရှိရ သဖြင့် ၎င်းအကောင့်ကို စစ်ဆေးရာ အကောင့်ပိုင်ရှင်မှာ ရန်ကုန်၊ရွှေပြည်သာမြို့နယ်နေ နောင်မင်းဆက် (၂၆) နှစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကောင့်ပိုင်ရှင်ဖြစ်သူ နောင်မင်းဆက်ကို ဖမ်းဆီးရန် စုံစမ်းချက်အရ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက် ၊သစ်တပင်လမ်း၊အမှတ်(၄/၀၀၃၈) နေအိမ်ခြံဝင်းအတွင်း၌ နေထိုင်ကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ခြံဝင်းအတွင်းမှ YG N-7 1P-4273 ΤΟYOTA LEXUSI KYN-4 9K-6698 BMW KYN-7 5K-6318 TOYOTA LEXUS အမျိုးအစား လို င်စင်မဲ့ မော်တော်ယာဉ် ၃ စီး၊စိစစ်ဆဲ မော်တော်ယာ ဉ် ၁ စီး စုစုပေါင်း ၄ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



