မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့ကျီတော်ကုန်းရပ်ကွက်နယ်မြေ(၄)တွင်နေထိုင်သူအငြိမ်းစားဝန်ထမ်းနေအိမ်သို့လူငယ်တစ်ဦးရောက်ရှိလာပြီးအသက်ရွယ်ကြီးသူများအားပစ္စည်းများလှူဒါန်းလိုကြောင်းပြောပြီးတံခါးဖွင့်ပေးရာမှနေအိမ်အတွင်းထိဝင်ရောက်လာကာရွှေထည်ပစ္စည်းမျိုးစုံငွေများအပါဝင်ဖုန်းတစ်လုံးအားယူဆောင်ထွက်ပြေးသွားကြောင်းသိရသည်။နိုဝင်ဘာ(၂၆)ရက်နံက်(၁၀:၃၀)အချိန်ခန့်ကကျီတော်ကုန်းရပ်ကွက်နယ်မြေ(၄)နေအသက်(၇၅)နှစ်အရွယ်အငြိမ်းစားဝန်ထမ်းတစ်ဦးနေအိမ်ရှေ့သို့အကျ်ီဘောင်းဘီအနက်ဝတ်ဆင်ထားပြီးရုပ်ရည်သန့်လူငယ်တစ်ဦးရောက်လာပြီး"အဘတို့အရွယ်တွေကိုရွေးချယ်ပြီးဝါတာကိုလာ ဝိုင်ဖိုင်နှင့်ဆိုဖာခုံများလှူဒါန်းလိုကြောင်း ပြောပြီး တံခါးဖွင့်ေပးရာမှ တို့ဆေးတို့ကာ လူငယ်မှာရွှေထည်ပစ္စည်းများငွေများနှင့်ဖုန်းတစ်လုံးတို့ကိုယူဆောင်ပြီးဆိုင်ကယ်နှင့်ထွက်ပြေးသွားကြောင်းသိရသည်။အခင်းဖြစ်စဉ်ပါဆုံးပစ္စည်းများမှာရွှေဆွဲကြိုး၃မတ်သား(၁)ကုံး၊ ဆွဲသီး၂ပဲသား(၁)ခု ၊လက်ကောက်၅မူးသား(၁)ကွင်း ၊လက်စွပ်၁မတ်သား(၁)ကွင်း ၊၃မူးသား(၁)ကွင်း ကလေးဆွဲကြိုး၂ပဲသား(၁)ကုံး စိန်လက်စွပ်(၁)ကွင်းRedmi Note 10ဖုန်း(၁)လုံးနှင့်ငွေကျပ်(၃၅၀,၀၀၀)တို့ဖြစ်ကြောင်းသိရသည်။



