Miss Universe အလှမယ်ပြိုင်ပွဲ၏ ပူးတွဲပိုင်ရှင်ကို အမေရိကန်ဒေါ်လာ ၉၃၀,၀၀၀ လိမ်လည်ခဲ့မှုဖြင့် ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း တရားရုံးအရာရှိတစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် AFP ကို ပြောကြားခဲ့သည်။အန် ဂျာကာဖွန် ဂျာကရာဂျူတာတစ်၏ JKN Global Group လုပ်ငန်းစုသည် Miss Universe ပြိုင်ပွဲကို ပူးတွဲပိုင်ဆိုင်သူဖြစ်ပြီး ပလတ်စတစ်ဆာဂျရီဆရာဝန်တစ်ဦးက ၂၀၂၃ ခုနှစ်တွင် ဂျာကာဖွန်က ၎င်းအား JKN ၌ရင်းနှီးမြှုပ်နှံရန် လိမ်လည်စည်းရုံးခဲ့ပြီး ဖုံးကွယ်မှုများရှိခဲ့သည်ဟု စွပ်စွဲချက်ထွက်လာပြီးနောက် ဘန်ကောက်တရားရုံးက ဂျာကာဖွန်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။စီရင်ချက်ကို နိုဝင်ဘာ ၂၅ ရက်တွင်ချမှတ်ရန် စီစဉ်ထားသော်လည်း ဂျာကာဖွန်က တရားရုံးတော်သို့ ရောက်မလာခဲ့ပေ။ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်သည်ဟုသတ်မှတ်ကာ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်ဟု ရုံးတော်ဖော်ပြချက်တွင်ဆိုထားသည်။
Nov 27 • 2:14 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


