ဟောင်ကောင်ရှိ ဝမ်ဖက်ကော့အရပ် အထပ်မြင့် လူနေတာဝါကြီး ၃ ခု နိုဝင်ဘာ ၂၆ ရက်ဒေသစံတော် ချိန် နံနက်အစောပိုင်း ၂ နာရီတွင် မီးစတင်လောင်ကျွမ်းရာ ည ၈ နာရီအထိ မငြိမ်းသတ်နိုင်သေးဘဲ တာဝါတစ်ခုကိုသာ မီးထိန်းနိုင်သေးပြီး မျက်မြင် သေဆုံးသူ ၄၄ ယောက်ရှိပြီဖြစ်ကြောင်း သိရသည်။ဟောင်ကောင်၊ တိုင်ပိုခရိုင်မြို့တော်အုပ်ချုပ်ရေးမှူးက အဆင့် (၅) သတ်မှတ်ရသော အဆိုးရွားဆုံး မီးလောင်ကူးစက်နေမှုဟုဆိုကာ လူ ၄၄ဦး သေဆုံးပြီး လူ၂၈၀နီးပါး ပျောက်ဆုံးနေဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။အသက် ၅၂ နှစ်မှ ၆၈ နှစ်ကြားရှိ ကုမ္ပဏီတာန်ရှိသူ သုံးယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနဲ့ အထပ်မြင့်တိုက်ခန်းတွေရှိရာ စီးပွားရေးမြို့တော် ဟောင်ကောင်မှာ ဒီမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။



