ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆိုကြပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် နိုဝင်ဘာလ ၂၁ ရက် နောက်တစ်နေ့မှာဘဲ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြားမှာ ပုံမှန်အတိုင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတုန်းပဲလို့ အမည်မဖော်လို့တဲ့ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
Nov 27 • 2:16 AM
မြန်မာ
ကချင်
မျှဝေမည်
| 34 | 0 | 0 | 0 |


