ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆိုကြပါတယ်။လက်ရှိ မိုးကောင်းမြို့ရဲ့မူးယစ်ဆေး တိုက်ဖျက်ရေးကိုတာဝန်ယူကာ နိုဝင်ဘာ ၂၀ ရက်နေ့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် နိုဝင်ဘာလ ၂၁ ရက် နောက်တစ်နေ့မှာဘဲ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြားမှာ ပုံမှန်အတိုင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတုန်းပဲလို့ အမည်မဖော်လို့တဲ့ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ များလာတာနဲ့အတူ မိုးကောင်းမြို့မှာ ယခင်နှစ်တွေထက်ခိုးဆိုးလုယက်တာတွေလည်း ပိုများလာနေတယ်လို့ သိရပါတယ်။



