ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - သိန္နီ - ကွမ်းလုံ ပြည်ထောင်စု လမ်းမကြီးတစ်လျောက်မှာ တရုတ်ကားကြီးတွေ ယာဥ်တိုက်မှုနဲ့ တိမ်းမှောက်တာတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မြေပြင်သတင်း အရင်းအမြစ်တွေက ပြောပါတယ်။တရုတ်အမှတ်တံဆိပ် နံပါတ်ပြားပါ တွဲကားကြီးတွေဖြစ်ကြပြီး အများစုမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ဖြတ်သန်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။တရုတ် - မြန်မာနယ်စပ် ချင်းရွှေဟော်ဂိတ်ကတဆင့် ဖြတ်သန်းလာကြပြီး ကုန်ကား၊ သတ္ထုကား၊ ကျွဲ၊ နွား ကား၊ မီးသွေးကားနဲ့ သံတိုသံစတွေ ဖြစ်ကြောင်းသိရှိရပါတယ်။



