back

Bangkok Community Help Foundation က ရေဘေးသင့်သူတွေကို ကူညီဖို့ ဒရုန်း ကုမ္ပဏီတွေကို အကူအညီတောင်း

Nov 26 • 2:34 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

Bangkok Community Help Foundation က ရေဘေးသင့်သူတွေကို ကူညီဖို့ ဒရုန်း ကုမ္ပဏီတွေကို အကူအညီတောင်း

Bangkok Community Help Foundation က ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ အရေးပေါ် မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ Foundation က Hat Yai ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ...

Bangkok Community Help Foundation က ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ အရေးပေါ် မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ Foundation က Hat Yai ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒရုန်း (Drone) နည်းပညာ အလိုရှိပါတယ်လို့ ပြောပါတယ်။ ဒရုန်းနည်းပညာကုမ္ပဏီတွေ၊ UAV မောင်းနှင်သူတွေနဲ့ လေကြောင်းထောက်ပံ့ပို့ဆောင်ရေး ကျွမ်းကျင်သူတွေ အားလုံးကို ဖိတ်ခေါ်ပါတယ်လို့ ကြေညာလိုက်ပါတယ်။ လမ်းတွေ ရေမြုပ်နေပြီး လှေနဲ့ပဲ သွားလာလို့ရတဲ့ အခြေအနေမို့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ နေရာစုံကို နိုင်နင်းအောင် မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသလို လူတိုင်းဆီကို အချိန်မီ ရောက်ရှိနိုင်ဖို့လည်း အခက်အခဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဝေဟင်ကနေတဆင့် ကူညီဖို့ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။






news-view-count-icon

15