ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက မိုးလေဝသ Facebook page တစ်ခုရဲ့ ကြိုတင်သတိပေးချက်ကို "သတင်းတု" လို့ စွပ်စွဲခဲ့တဲ့ ထိုင်း မိုးလေဝသဌာန (TMD) ဟာ အခုအခါမှာ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။ အမည်မဖော်လိုတဲ့ မိုးလေဝသပညာရှင်တစ်ဦး ဦးစီးတဲ့ အဲဒီ Page က ရေကြီးမယ့်အကြောင်း ကြိုတင်သတိပေးခဲ့ပေမယ့် အစိုးရက သတင်းတုလို့ သတ်မှတ်ခဲ့ပြီးနောက် တကယ်တမ်း ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့တုန်းက အဲဒီ Facebook page က Chumphon ကနေ Narathiwat အထိ တောင်ပိုင်းမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ နောက် ၁၀ ရက်အတွင်း မိုးရေချိန် ၁,၀၀၀ မီလီမီတာကျော် ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့တာပါ။ တာဝန်ရှိသူတွေက စိုးရိမ်စရာမရှိကြောင်း ပြောဆိုခဲ့တာကြောင့် ဒေသခံအများစုဟာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ကြပါဘူး။



