Lee Hak-yung လက်ရှိအသက် ၄၅နှစ် သူမက တောင်ကိုးရီးယားလူမျိုး ဖြစ်ပြီး နယူးဇီလန်နိုင်ငံသားဖြစ်ခံယူကာ နယူးဇီလန်နိုင်ငံမှာနေထိုင်ပါသည်။ သူမ ကျူးလွန်ခဲ့တာကတော့ သားသမီးအရင်း ဖြစ်တဲ့ သားဖြစ်သူ အသက်၆ နှစ်နဲ့ သမီးအသက် ၈ နှစ်တို့ကို ဆေးအလွန်အကျွံတိုက်ပြီး သတ်ပစ်ခဲ့တာဖြစ်သည်။ ဒီအမှုပေါ်ပေါက်လာတာက ၂၀၂၂ ခုနှစ်မှ ဖြစ်ပြီး သူမ ကျူးလွန်ခဲ့တာက ၂၀၁၈ ခုနှစ်လို့ ယူဆရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ခရီးဆောင်အိတ်နှစ်လုံးကို နယူးဇီလန်နိုင်ငံ Auckland မြို့ရှိ ပစ္စည်းသိုလှောင်ရုံ တစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ တွင် Auckland မြို့နေ မိသားစုတစ်စုသည် အွန်လိုင်းလေလံပွဲ မှတစ်ဆင့် အဆိုပါ ပစ္စည်းသိုလှောင်ရုံ အတွင်းရှိ ပစ္စည်းများကို ဝယ်ယူခဲ့ပါသည်။ ထိုမိသားစုမှ ဝယ်ယူခဲ့သော ပစ္စည်းများကို အိမ်သို့ယူဆောင်လာပြီးနောက် ခရီးဆောင်အိတ် (suitcases) နှစ်လုံးကို ဖွင့်ကြည့်ရာမှ အိတ်အတွင်းမှာ ကလေးငယ်နှစ်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ Lee Hak-yung သည် ထိုပစ္စည်းသိုလှောင်ရုံကို နှစ်များစွာကြာအောင် ငှားရမ်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် အစောပိုင်း တွင် ငှားရမ်းခ မပေးဆောင်နိုင်တော့သည့်အတွက် သိုလှောင်ရုံပိုင်ရှင်မှ ပစ္စည်းများကို လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။



