back

ဟောင်ကောင်၊ တိုင်ပိုမြို့မှာ အကြီးစားမီးလောင်မှု ဖြစ်ပွါး

Nov 26 • 2:31 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ဟောင်ကောင်၊ တိုင်ပိုမြို့မှာ အကြီးစားမီးလောင်မှု ဖြစ်ပွါး

ဟောင်ကောင်မြို့ တိုင်ပို (Tai Po) ခရိုင်ရှိ ဝမ်ဖုခ်ခေါ့ (Wang Fuk Court) လူနေအိမ်ရာကြီးတွင် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်) ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော အကြီးစားမီးလောင်...

ဟောင်ကောင်မြို့ တိုင်ပို (Tai Po) ခရိုင်ရှိ ဝမ်ဖုခ်ခေါ့ (Wang Fuk Court) လူနေအိမ်ရာကြီးတွင် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်) ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော အကြီးစားမီးလောင်မှုကြောင့် မီးသတ်သမားတစ်ဦး အပါအဝင် လူလေးဦး သေဆုံးခဲ့ပြီး အနည်းဆုံး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကို မီးသတိပေးအဆင့်များအနက် ဒုတိယအမြင့်ဆုံးဖြစ်သည့် အဆင့် ၄ မီး (No. 4 Alarm Fire) အဖြစ် သတ်မှတ်ခဲ့သည်။ ဤကဲ့သို့သော အမြင့်ဆုံးသတိပေးအဆင့်များသည် မီး၏ ပြင်းအားနှင့် ပျံ့နှံ့နှုန်း၊ အသက်အန္တရာယ် ကြီးမားမှုနှင့် ထိန်းချုပ်ရန် လိုအပ်သော အရင်းအမြစ်ပမာဏတို့ကို ဖော်ပြသည်။ မီးတောက်များသည် အဆောက်အအုံပြင်ပမှ ဝါးငြမ်း (bamboo scaffolding) များတစ်လျှောက် အရှိန်အဟုန်ပြင်းစွာ ကူးစက်ပျံ့နှံ့ခဲ့ပြီး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။




news-view-count-icon

2