နိုဝင်ဘာ (၂၃)ရက်နေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် မကွေးမြို့နယ်၊ အမှတ်(၁၅)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မကွေးမြို့အဝင်(မြောက်ဘက်ဂိတ်)၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကံပြားကျေးရွာဘက်မှ မကွေးမြို့ဘက်သို့ ညောင်ပင် ကျေးရွာနေ ဦးဌေးလွင်(၆၃)နှစ် မောင်းနှင်လာသည့် YGN-22 9K/xxxx HONDA FIT အဖြူရောင် မော်တော်ယာဉ်နှင့် နတ်မောက်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နေ မိုးဟိန်း(ခ)ဘိုချွန်(၃၉)နှစ် မောင်းနှင်လာသည့် MGY-9 RLG/xxxx NISSAN FUGA မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်များနှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဌေးလွင်နှင့် မိုးဟိန်း(ခ) ဘိုချွန်တို့ ၂ ဦးအား မကွေးနယ်မြေရဲစခန်း (ပ)၂၃၃-၂၃၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။



