back

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ကြားနာစစ်ဆေးဆဲ အမှု​တွေကို ပိတ်သိမ်းမယ့်အ​ကြောင်း အသိ​ပေး

Nov 26 • 1:57 PM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ကြားနာစစ်ဆေးဆဲ အမှု​တွေကို ပိတ်သိမ်းမယ့်အ​ကြောင်း အသိ​ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နှင့် ရာဇသတ်ကြီးပုဒ်မ (၅၀၅-က)ဖြင့် ကြားနာစစ်ဆေးဆဲ အမှ...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နှင့် ရာဇသတ်ကြီးပုဒ်မ (၅၀၅-က)ဖြင့် ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းခြင်းအမိန့်တို့အား ယနေ့ည ၈နာရီ ပြည်တွင်းသတင်းတွင် ထုတ်ပြန်ကြေညာသွားကြောင်း သိရပါသည်။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်တွင်-ပြစ်ဒဏ်ကျခံနေရသူ စုစုပေါင်း ၂,၃၆၁ ဦး အား ၎င်းတို့ကျခံနေရသော ပြစ်ဒဏ်များအနက်မှ ကျန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း ဖော်ပြထားသည်။လတ်တလော ထုတ်ပြန်သည့် အမိန့်တွင် လွတ်ငြိမ်းသက်သာခွင့်ရရှိသူ စုစုပေါင်း အရေအတွက် (၂,၃၆၁ ဦး) ကိုသာ ဖော်ပြထားပြီး၊ ၎င်းတို့ထဲတွင် မိုးညှင်းမြို့နယ် သို့မဟုတ် မိုးညှင်းခရိုင်မှ မည်သူမည်ဝါများ ပါဝင်သည် ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ သီးခြား ထုတ်ပြန်ခြင်း မရှိသေးပါ။





news-view-count-icon

64