back

ဥတ္တရသီရိမြို့နယ်တွင်လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးရမိ

Nov 26 • 1:53 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ဥတ္တရသီရိမြို့နယ်တွင်လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးရမိ

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိ ရပ်ကွက်၊ မြို့တော်ဂေါက်ကွင်းအနီး၌ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင...

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိ ရပ်ကွက်၊ မြို့တော်ဂေါက်ကွင်းအနီး၌ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ် ဆေးခြင်းများဆောင်ရွက်နေစဉ် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်နေ ပြည့်စုံမောင်(၃၄)နှစ် မောင်းနှင်လာသည့် MDY-1 6L/xxxx TOYOTA LANDCRUSER မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသ နိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြည့်စုံမောင်အား ဘုရားကုန်း မြို့မရဲစခန်း (ပ)၅၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

 



news-view-count-icon

17