ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အုပ်စုဖွဲ့ရိုက်နှက်ခံရသည့် ကျောင်းသားဟောင်း ကိုခန့်ကျော်သူထွန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ကျောင်းကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ ၇ ကိုခန့်ကျော်သူထွန်း အသက် (၂၁) နှစ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့က ကျောင်းတွင် ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၃ဝမိနစ်တွင် နေအိမ်မှ သုဿန်သို့ သွားရောက် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။၀ိုင်းရိုက်ခဲ့ကြသည့် စက်ပြင်ဌာန တတိယနှစ်ကျောင်းသား မင်းပြည့်စုံပါ ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အဓိကကျူးလွန်သူ မင်းပြည့်စုံကို စစ်ကော်မရှင်ကအရေးယူ ဖမ်းဆီးမှု ရှိမရှိကို ဧရာဝတီတိုင်းမ် ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။



