back

ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရ

Nov 26 • 12:38 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။ရန်...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။ရန်ကုန်ပညာရေးတက္ကသိုလ်သည် အခြေခံပညာ၏ Grade-10 ၊ Grade-11 နှင့် Grade-12 သင်ရိုးများနှင့် ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းနှင့် သင်ရိုးညွှန်းတမ်း၊ ကာယနှင့် ကျောင်းကျန်းမာရေး စသောပညာရေးဘာသာရပ်များ ပေါင်းစပ်ပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် အမှန်တကယ်ပြန်လည်အသုံးချနိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုဝင်ဘာ ၁၇ ရက်မှ စ၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံလျက်ရှိပြီး သင်တန်းအသီးသီးကို နိုဝင်ဘာ၂၄ ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားခြင်း၊ စာကြည့်တိုက်မိတ်ဆက်ခြင်း (Library Orientation) ကိုလည်း ပထမနှစ်ကျောင်းသား ကျောင်းသူများအတွက် ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။




news-view-count-icon

27