back

ဗီယက်နမ်က အဝေးပြေးလမ်းမပေါ်မှာ ထူးခြားဆန်းကြယ်စွာ တွေ့ရှိခဲ့ရတဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ရုပ်အလောင်း

Nov 26 • 12:36 PM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်က အဝေးပြေးလမ်းမပေါ်မှာ ထူးခြားဆန်းကြယ်စွာ တွေ့ရှိခဲ့ရတဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ရုပ်အလောင်း

တနလ်ာနေ့ညနေက နိုင်ငံခြားသားတစ်ဦးကို Dong Thap ပြည်နယ်ကို ဖြတ်သန်းသွားတဲ့ Trung Luong- My Thuan အဝေးပြေးလမ်းမပေါ်မှာ သေဆုံးလျက်သား ‌တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်းအာ...

တနလ်ာနေ့ညနေက နိုင်ငံခြားသားတစ်ဦးကို Dong Thap ပြည်နယ်ကို ဖြတ်သန်းသွားတဲ့ Trung Luong- My Thuan အဝေးပြေးလမ်းမပေါ်မှာ သေဆုံးလျက်သား ‌တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။Dong Thap က ရဲတပ်ဖွဲ့နဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒီသေဆုံးမှုကို စုံစမ်းစစ်ဆေးမှုတွေပြုုလုပ်နေပြီး အကြိုစစ်ဆေး အတည်ပြုချက်တွေအရ သေဆုံးသူဟာ အေရွန် လီခေချန်လို့ အမည်ရတဲ့ မလေးရှားနိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။သူ့ရဲ့ ဦးခေါင်းနဲ့ မျက်နှာက သွေးတွေနဲ့ ပြည့်နှက်နေပြီး ရုပ်အလောင်းအနီးအနားမှာ ဘာယာဉ်မှ မတွေ့ခဲ့ရတာကြောင့် ယာဉ်မောင်းနှင်သူတွေက ချက်ချင်းပဲ ဒေသတွင်း ရဲတပ်ဖွဲ့ကို အသိပေးအကြောင်းကြားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူေတွက အခင်းဖြစ်ရာနေရာကို အအလျင်အမြန်လာရောက်ပြး သဲလွန်စတွေ မပျောက်ပျက်အောင် အဲဒီနေရာတဝိုက်ကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။




news-view-count-icon

3