နိုဝင်ဘာလ (၂၃)ရက်နေ့က ညနေ ၆ နာရီ ၁၀ မိနစ်အချိန်တွင် ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အနော်ရထာတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ် စစ်ဆေးခြင်း များဆောင်ရွက်နေစဉ် ချောက်မြို့ဘက်မှ ဆိပ်ဖြူမြို့ဘက်သို့ လားရှိုးမြို့နေ ကျော်သီဟ(ခ)သီဟ (၃၆)နှစ်မောင်းနှင်လာသည့် ယာဉ်နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် LIFAN Faw မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်သီဟ(ခ) သီဟအား ဆိပ်ဖြူမြို့မရဲစခန်း (ပ)၅၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။



