back

မြ၀တီတွင် ကျားဖြန့်လုပ်နေသည့် နိုင်ငံခြားသား ၂ ထောင်ကျော် ထိုင်းဘက်ထွက်ပြေးဖို့ပြင်နေ

Nov 26 • 4:48 AM

breaking-news

မြန်မာ

ကရင်

cover

မြ၀တီတွင် ကျားဖြန့်လုပ်နေသည့် နိုင်ငံခြားသား ၂ ထောင်ကျော် ထိုင်းဘက်ထွက်ပြေးဖို့ပြင်နေ

ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့ဘက်ခြမ်းတွင် ကျားဖြန့်အွန်လိုင်းလုပ်ငန်း၌လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂,၀၃၀ ဦးသည် ယမန်နေ့ ည(နိုဝင်ဘာလ ၂၅)တွင် ထိ...

ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့ဘက်ခြမ်းတွင် ကျားဖြန့်အွန်လိုင်းလုပ်ငန်း၌လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂,၀၃၀ ဦးသည် ယမန်နေ့ ည(နိုဝင်ဘာလ ၂၅)တွင် ထိုင်းနိုင်ငံ ၊ မဲဆောင်မြို့ဘက်ခြမ်းသို့ထွက်ပြေးရန်အတွက် သောင်ရင်းမြစ်ကမ်းဘေးတွင်စုပုံနေကြကြောင်း ထိုင်းရီပိုတာသတင်းကဖော်ပြသည်။ မြဝတီရှိ ကျားဖြန့်အွန်လိုင်းလုပ်ငန်း စကမ်မာစခန်းများအား ဖြိုခွဲမည်ဟု မြန်မာဘက်ကဖိအားပေးပြီးနောက်တွင် သောင်ရင်းမြစ်ဖြတ်၍ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန်ပြင်ဆင်နေကြောင်းဖော်ပြသည်။ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဘန်ဟိုင်းမဟာဝမ်ရွာ၊သလုံနန်ဆိပ်ကမ်း မျက်နှာချင်းဆိုင်ဘက် မြစ်ကမ်းတွင် နိုင်ငံခြားသားများ စုဝေးရောက်ရှိခဲ့ကြကြောင်းသိရသည်။

news-view-count-icon

25