back

ထိုင်းနိုင်ငံ၊ဟတ်ယိုင်လေဆိပ်တွင် ရေကြီးမှုကြောင့် ခရီးသည်များ ၄ ရက်ကျော်ကြာ ပိတ်မိနေ

Nov 26 • 4:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဟတ်ယိုင်လေဆိပ်တွင် ရေကြီးမှုကြောင့် ခရီးသည်များ ၄ ရက်ကျော်ကြာ ပိတ်မိနေ

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာပြည်နယ် ၊ ဟတ်ယိုင်မြို့တွင် ရေဆက်ကြီးနေပြီး ဟတ်ယိုင်လေဆိပ်၌ ခရီးသည်များ ၄ ရက်ကျော်ကြာ ပိတ်မိနေကြောင်း ထိုင်းသတင်းဖော်ပြသည်။ ယန...

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာပြည်နယ် ၊ ဟတ်ယိုင်မြို့တွင် ရေဆက်ကြီးနေပြီး ဟတ်ယိုင်လေဆိပ်၌ ခရီးသည်များ ၄ ရက်ကျော်ကြာ ပိတ်မိနေကြောင်း ထိုင်းသတင်းဖော်ပြသည်။ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ၌ ဟာ့တ်ယိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းခရီးသည်များနှင့် နိုင်ငံခြားသားခရီးသွားများသည် လေဆိပ်တွင် ဆက်လက်ပိတ်မိနေဆဲဖြစ်ကာ အဖွဲ့အစည်းများနှင့် လေဆိပ်တာဝန်ရှိသူများက အစားအစာ၊အဝတ်အထည်နှင့် သောက်ရေများ ဝေငှပေးနေပြီး လျှပ်စစ်မီးများ အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက လာရောက်ခိုလှုံခဲ့ကြကြောင်းဖော်ပြသည်။ ဟတ်ယိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း လေဆိပ်ပတ်ဝန်းတွင် ရေဆက်လက်မြင့်တက်နေပြီး ကြို/ပို့ ယာဉ်များ ဝန်ဆောင်မှု မပေးနိုင်သေးကြောင်း အသိပေးထားသည်။

news-view-count-icon

23