စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင်စိုက်ပျိုးသော ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။"အခုအခါ ကန့်လန့်စိုက်ခင်းမှာ ကောက်ယူနေရပြီး ပေါ်ဦးပေါ်ဖျားဆိုတော့ သုံးညွှန့်ပါတစ်စည်းကို ငွေကျပ် ၅၀၀ ရောင်းရပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်နေပါတယ်” ဟု ရှမ်းစုကျေးရွာ ကန့်လန့်စိုက်ပျိုးသူ ဒေသခံတစ်ဦးက ပြောပါသည်။



