back

တရုတ်သမ္မတနှင့် တွန်ဂါနိုင်ငံ ဘုရင် Tupou VI တွေ့ဆုံဆွေးနွေး

Nov 26 • 4:46 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်သမ္မတနှင့် တွန်ဂါနိုင်ငံ ဘုရင် Tupou VI တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော တွန်ဂါနိုင်ငံ ဘုရင် Tupou VI နှင့် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော တွန်ဂါနိုင်ငံ ဘုရင် Tupou VI နှင့် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်သည် ဘုရင် Tupou VI နှင့် မိဖုရား Nanasipau'u တို့အတွက် ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။ထျန်းအန်းမန် ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက်ဖောက်၍ ဂုဏ်ပြုတပ်ဖွဲ့ တန်းစီ၍ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် စစ်ဆေးကြည့်ရှုသည့်စင်မြင့်သို့ တက်ရောက်ခဲ့ပြီး စစ်တီးဝိုင်းက တရုတ်နိုင်ငံ နိုင်ငံတော်သီချင်းနှင့် တွန်ဂါနိုင်ငံ နိုင်ငံတော်သီချင်းအား တီးမှုတ်ခဲ့သည်။ Tupou VI က ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး တပ်ဖွဲ့အလိုက်ချီတက်မှုအား ကြည့်ရှုခဲ့ကြသည်။အဆိုပါနေ့ မွန်းတည့်ချိန်တွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့က Tupou VI ဇနီးမောင်နှံတို့အတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့သည်။

news-view-count-icon

18